အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း အားကစားလေ့ကျင့်ရေးရုံများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇူလိုင် ၂၉

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင် ၂၇ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့်ကာပညာဦးစီးဌာန ရုံးဟောင်းသို့ရောက်ရှိပြီး ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ကဆံကွင်းအတွင်းရှိ မြန်မာနိုင်ငံခရစ်ကက်အားကစားအဖွဲ့ချုပ်က အားကစားသမားများ လေ့ကျင့်ရန်ကွင်းပြင်ဆင်နေမှုများ၊ မိုးလုံလေလုံအားကစားရုံအား အမိုးများလဲလှယ်တပ်ဆင်ရန် ပြင်ဆင်နေမှုများ၊ ကြမ်းခင်းများခင်းကျင်းရန် ပြင်ဆင်ထားမှုအ‌ခြေအနေများကို ကြည့်ရှုစစ်‌ဆေးခဲ့သည်။

ဆက်လက်၍ ပဏာမလက်ရွေးစင်အားကစားသမားများအတွက် ဖွင့်လှစ်ကုသပေးလျက်ရှိသည့် အားကစားဆေးဘက်ဌာနခွဲ ဆေးခန်းသို့ရောက်ရှိ၍ ကုသမှုဆိုင်ရာ စက်ပစ္စည်းများထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

အောင်မြင့် (ပြန်/ဆက်)