ဗိုလ်တထောင်မြို့နယ်၌  ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ဗိုလ်တထောင် ဇူလိုင် ၂၉

၂၀၂၄-‌၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇူလိုင်လ ၂၇ ရက်နေ့နံနက်ပိုင်းကစတင်၍ အခြေခံပညာကျောင်းများ၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန Website မှတစ်ဆင့်ထုတ်ပြန်ကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ကျောင်းတွင်းဖြေဆိုသူကျား(၂၀၂)ဦး၊ မ(၂၁၈)ဦး စုစုပေါင်း (၄၂၀)ဦး ဖြေဆိုမှုတွင်အောင်မြင်သူ ကျား(၁၁၇)ဦး၊ မ(၁၅၄)ဦး စုစုပေါင်း(၂၇၁)ဦး ဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့် (၆၄.၅၂)ဖြစ်ပြီး  ပြင်ပမှဖြေဆိုသူ ကျား(၂၄)ဦး၊ မ(၁၉)ဦးစုစုပေါင်း(၄၃)ဦးအနက်မှ ကျား(၆)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၄)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး ပြင်ပဖြေဆိုသူ အောင်ချက်ရာခိုင်နှုန်း(၃၂.၅၆) ဖြစ်သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ဗိုလ်တထောင်မြို့နယ်မှ တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ ကျား(၂၂၆)ဦး၊ မ(၂၃၇)ဦး စုစုပေါင်း(၄၆၃)ရှိပြီး အောင်မြင်သူ ကျား(၁၂၃)ဦး၊ မ(၁၆၂)ဦး စုစုပေါင်း(၂၈၅)ဦးအနက်မှ တစ်ဘာသာဂုဏ်ထူးရှင်(၂၂)ဦး၊   နှစ်ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊   သုံးဘာသာဂုဏ်ထူးရှင် (၈)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၉)ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင်(၁)ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ စုစုပေါင်း(၆၀)ဦး ဂုဏ်ထူးရဘာသာဖြင့် အောင်မြင်ခဲ့ကြပြီး ရိုးရိုးအောင်မြင်သူ(၂၂၅)ဦးအောင်မြင်ခဲ့ကြပြီး အောင်မြင်သူစုစုပေါင်း (၂၈၅)ဦးဖြစ်ရာ အောင်ချက်ရာခိုင်နှုန်းအားဖြင့်(၆၁.၅၆)ရရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရသည်။

ခင်ဝင်း(ပြန်/ဆက်)