သံဖြူဇရပ်မြို့နယ်၌ အခြေခံစားသောက်ကုန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေး

သံဖြူဇရပ် စက်တင်ဘာ ၂၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် အခြေခံစားသောက်ကုန်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် အမှတ်(၂) စျေးမြေလွတ်၌ ဆက်လက်ရောင်းချပေးလျက်ရှိသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိနှင့် စျေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်ကျပ်(၂၈၀၀)၊ ဆီတစ်ပိဿာကျပ်(၅၂၀၀)၊ ဝက်သားတစ်ပိဿာကျပ်(၁၄၀၀၀)၊ အမဲသားတစ်ပိဿာကျပ်(၁၆၀၀၀)၊  ကြက်ဥ(၁)လုံးကျပ်(၂၅၀)၊  ကြက်သွန်ဖြူတစ်ပိဿာကျပ်(၁၀၀၀၀)၊ ကြက်သွန်နီတစ်ပိဿာကျပ်(၃၄၀၀)၊ အာလူးတစ်ပိဿာကျပ်(၂၄၀၀)ဖြင့် ရောင်းချပေးခဲ့ရာ ဝယ်ယူသူများစည်ကားလျက်ရှိပြီး အပတ်စဥ်သောကြာနေ့တိုင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)