ဂန့်ဂေါ စက်တင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဌာနဆိုင်ရာများအနေဖြင့် မိမိရုံးဝန်ထမ်းများ၏ လုံခြုံရေးနှင့် ဌာနဆိုင်ရာရုံးများ၏လုံခြုံရေးကို အထူးအလေးထားဆောင်ရွက်ရန်၊ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံနိုင်ရန် ကျန်းမာရေးဌာနအနေဖြင့် အသက်သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် စာရင်းများပြုစုထားရန်၊ လျှပ်စစ်ကြွေးကျန်များမရှိစေရေး စည်းရုံးဆောင်ရွက်ထားရန်၊ စိုက်ပျိုးရေးဌာနအနေဖြင့် စားရေရိက္ခာဖူလုံစေရန် မိုးစပါးအထွက်တိုးရေးကိစ္စရပ်များ အလေးထားဆောင်ရွက်ရန်နှင့် နယ်မြေတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကိစ္စရပ်များကို ထည့်သွင်းဆွေးနွေး ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းညှိနှိုင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)