မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ အလံတင်အခမ်းအနားပြုလုပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၉)ဦးအားလွှဲပြောင်း
Oct 03,2023
ရခိုင်ပြည်နယ် မောင်တောမြို့၌ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး၏ ကွပ်ကဲမှုဖြင့် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်နှင်လွှဲပြောင်း/လက်ခံမှု ဆောင်ရွက်ကြရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၉)ဦးအား လွှဲပြောင်း လက်ခံရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ်ရင်း ၊ တပ်ရင်းမှူး Lt.Col Md Mohiuddin Ahmed, BGBMS,Commanding Officer,Tenaf Battalion ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော အဖွဲ့သည် အောက်တိုဘာ ၃ ရက် နံနက် (၁၀:၄၅)အချိန် Speed Boat (၂)စီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများတင်ဆောင်မည့် စက်လှေတစ်စီးဖြင့် မောင်တောမြို့နယ် အမှတ်(၁) ဝင်/ထွက်စခန်း(POE)ဆိပ်ကမ်းသို့ ရောက်ရှိကြရာ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး ရဲဝေစိုး ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊မောင်တောခရိုင်ရုံးမှ ဒုတိယညွန်ကြားရေး မှူး ဦးထွန်းလှဇံ ၊ ဌာနခွဲမှူး ဒုတိယညွန်ကြားရေးမှူး ဦးမင်းနိုင်ဦး ဦးဆောင်သော အဖွဲ့ဝင်များ ကြိုဆိုခဲ့ကြသည်။