လားရှိုးမြို့တွင် ရိုးရာပြောင်းဖူးဖက်ထုပ်မုန့်များ‌ ဈေးကွက်အတွင်း ရောင်းကောင်း

လားရှိုး အောက်တိုဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ရိုးရာပြောင်းဖူးဖက်ထုပ်မုန့်များ ဈေးကွက်အတွင်း ရောင်းကောင်းလျက်ရှိနေကြောင်း သိရသည်။

ရိုးရာပြောင်းဖူးဖက်ထုပ်မုန့်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့များတွင် ရောင်းချလေ့ရှိကြပြီး ဒေသခံများအနေဖြင့် အဆာပြေသော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ် စားသုံးရန်အတွက်သော်လည်းကောင်း၊ ရိုးရာမုန့်အဖြစ် ဧည့်သည်များကို ဧည့်ခံနိုင်ရန်အတွက်သော်လည်းကောင်း  အသုံးပြု စားသုံးကြသည်။

ရိုးရာပြောင်းဖူးဖက်ထုပ်မုန့်ကို ရှမ်းပြောင်းစေးစေးကို အစေ့ချွေ၍ ကြိတ်ကာ ပြောင်းဖူးဖက်ဖြင့်ထုပ်၍ ပေါင်းခံအိုးဖြင့်ပေါင်းပြီး ရောင်းချခြင်းဖြစ်သည်။

ရိုးရာပြောင်းဖူးထုပ် တစ်စီးလျှင် နှစ်ထောင်ကျပ်ဖြင့် ရောင်းချကြပြီး ဒေသခံများအပြင် ရှမ်းပြည်ရောက်ခရီးသွားများ စိတ်ဝင်တစား ဝယ်ယူစားသုံးလေ့ရှိကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)