ရွှေတောင်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ

ရွှေတောင် အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အ.ထ.က (ရွှေတောင်) ရတနာခန်းမတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ဆရာ၊ ဆရာမများက မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

ဆက်လက်၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်နိုင်ဝင်းက ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားခဲ့သည်။

ထို့နောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ)နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးဆောင်ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရွှေတောင်မြို့နယ်အတွင်း အခြေခံပညာကျောင်းများရှိ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စုစုပေါင်းအင်အား (၂၄၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)