ကလေး အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသက်(၇၅)နှစ်နှင့် အထက် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့သည်။ ထို့နောက် အငြိမ်းစားဆရာကြီး/ဆရာမကြီးများအား ဆရာကန်တော့ချိုးဖြင့် ကန်တော့၍ ဂါရဝပြု ပူဇော်ငွေများပေးအပ်ခဲ့ရာ ဆရာကြီး/ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာမကြီး တစ်ဦးက ဩဝါဒစကားများ ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲသို့ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ပြီး ကလေးမြို့နယ်အတွင်းရှိ အသက် (၇၅)နှစ်နှင့် အထက်ရှိ အငြိမ်းစား ဆရာကြီး/ ဆရာမကြီး စုစုပေါင်း (၂၀)ဦးကို တစ်ဦးလျှင် ငွေကျပ်(၅)သောင်းစီ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)