အ.ထ.က(မိုးညို)၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်‌ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားပြုလုပ်

မိုးညို အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ အ.ထ.က(မိုးညို) သရဖူခန်းမဆောင်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မူလတန်းပြဆရာမ ဒေါ်ခင်စန်းဝင်းက "ဆရာတို့၏ဂုဏ်ရည်များ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းပြဆရာကြီး ဦးလှဝင်းက "ကမ္ဘာ့ဆရာများနေ့ ပေါ်ပေါက်လာပုံ"အကြောင်း၊ အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်ဆွေက "ဆရာကောင်းတပည့်ပန်းကောင်းပန်" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်၍ Grade-12 မှ မအိချောမြတ်က ဆရာတို့၏ဂုဏ်ကျေးဇူးများအကြောင်း ဂုဏ်ပြုပြောကြားပြီး မအိမ့်သူချစ်က ဆရာ/ ဆရာမများအပေါ်ထားရှိသော ရင်တွင်းခံစားချက်များကို ထုတ်ဖော်တင်ပြခြင်း၊ Grade-11 မှ မောင်အောင်မြတ်သူက "ဥယျာဉ်မှူးပမာမြတ်ဆရာ"ကဗျာဖြင့် ဂုဏ်ပြုရွတ်ဖတ်ခြင်း၊ Grade-10 မှ မမီကိုသူဇင်က မြတ်ဆရာများ၏ကျေးဇူးကို ဂုဏ်ပြုစကားပြောကြားခြင်း၊ Grade-12 မှ မသော်တာနှင်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကဗျာပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရရှိခဲ့သော "လမ်းပြကြယ်ပမာမြတ်ဆရာ"ကဗျာဖြင့် ရွတ်ဆိုဂုဏ်ပြုခဲ့ကြပြီး ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ခရိုင်အဆင့်ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)