လှည်းကူး အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းပြီး ငမိုးရိပ်ချောင်းရေမြင့်တက်လာမှုကြောင့် လှည်းကူးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
လှည်းကူးမြို့နယ်အတွင်း အောက်တိုဘာလ(၆)ရက်နေ့ညပိုင်းမှစတင်ပြီး မိုးသည်းထန်စွာ အဆက်မပျက်ရွာသွန်းမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် လှည်းကူးမြို့အတွင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ၌ ရေများဝင်လျက်ရှိရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)