မုံရွာ အောက်တိုဘာ ၈
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများ ကောက်ယူနိုင်ရေးအတွက် အထောက်အကူပြုစေရန် စမ်းသပ်သန်းခေါင်စာရင်းများကို မြို့ပေါင်း ၂၀ တွင် ကောက်ယူလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ယနေ့ နံနက် ၈ နာရီ အချိန်က စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး အဌမနေ့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် စမ်းသပ်သန်းခေါင်စာရင်းများ ကောက်ယူရေး ကောက်ကွက် ( ၁၀ ) ကွက်တွင် တစ်ကွက်လျှင် အိမ်ခြေ( ၁၂၅ ) အိမ်နှုန်းဖြင့် အောက်တိုဘာလ ၁ ရက်နေ့မှ အောက်တိုဘာလ ၁၅ ရက်နေ့အထိ သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများက နေ့စဉ်ကောက်ယူသွားမည်ဖြစ်ရာ ယနေ့နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ် ကော်လပြကျေးရွာ၌ အဖွဲ့ ( ၅ )ဖွဲ့ခွဲ၍ အဌမနေ့ ဆက်လက်ကောက်ယူလျက်ရှိကြောင်းသိရှိရသည်။
ဦးစွာ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကောက်ယူရေးကော်မတီအဖွဲ့ဝင်များက အဆိုပါ ကော်လပြကျေးရွာတွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့သည်။
မုံရွာမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများအား အောက်တိုဘာ(၁)ရက်နေ့မှ အောက်တိုဘာ(၇)ရက်နေ့အထိ အိမ်ထောင်စု(၉၈၀)စု လူဦးရေ(၂၁၃၈)ဦး ကောက်ယူနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)