မက်မန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသတွင်းမွေးမြူရေးဖွံ့ဖြိုးရန်၊ အသားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေန် ရည်ရွယ်၍ နို့စားကျွဲ မွေးမြူမှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က မက်မန်းမြို့၊ ကွန်ဟောင်းကျေးရွာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သွားရောက် အသိပညာပေး ဟောပြောခဲ့သည်။
ထိုသို့ အသိပညာပေးဟောပြောရာတွင် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒေါက်တာ မောင်ဝင်း က “မွေးမြူထုတ်လုပ်မှုဖွံ့ဖြိုးစေရန်နှင့် လူတစ်ဦးချင်းစားသုံးမှုတိုးတက်မြင့် မားစေရန်ရည်ရွယ်၍ နို့စားကျွဲမွေးမြူမှုဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ မက်မန်းခရိုင်မွေးမြူရေးနှင့်ကုသရေးရုံးဝန်းအတွင်း၌လည်း ဒေသနေ မွေးမြူရေးစိတ်ပါသူများအား မွေးမြူရေးပညာပေးရန် သရုပ်ပြဥစားကြက်မွေးမြူရေးခြံ ဆောက်လုပ် မွေးမြူ၍ မွေးမြူရေးပညာပေးလျက်ရှိပါကြောင်း၊ ထိုသို့ပညာပေးဆောင်ရွက်ခြင်းဖြင့် မွေးမြူရေးကဏ္ဍနှင့် ဒေသဖွံ့ဖြိုးရေးအား များစွာအထောက်အကူပြုလျက်ရှိပါကြောင်း၊ မွေးမြူရေးအသိပညာ ရရှိနိုင်ရေးအတွက်လည်း လက်ကမ်းစာစောင်မျာဖြန့်ဝေခြင်းနှင့် ဟောပြောပွဲတွင် ဒေသနေပြည်သူ (၃၅)ဦးတက်ရောက်ခဲ့ကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ပြန်/ဆက်)