မိုင်းယောင်းတွင် နဂါးမောက်သီးများကို ဝယ်ယူစားသုံးသူများပြား

မိုင်းယောင်း အောက်တိုဘာ ၈

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် နဂါးမောက်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိသည်။ ဝယ်ယူစားသုံးမှုများကာ ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိသည်။

နဂါးမောက်သီး တစ်လုံးလျှင် ငွေကျပ် ၁၅၀၀ မှ ၂၀၀၀ ကျပ်အထိ ပေးရသည်။ ခြံများမှ ဖောက်သည်ယူရာတွင် တစ်လုံးလျှင် ငွေကျပ် ၁၂၀၀ဖြင့် ဖောက်သည် ယူရကြောင်း သိရသည်။ ဝမ်တောင်းနှင့် ဝမ်မန်းကျေးရွာအုပ်စုတို့တွင် နဂါးမောက်စိုက်ပျိုးသူ များပြားသည်။ စတင်စိုက်ပျိုးပြီး လေးလခန့်ကြာလျှင် စတင်ပွင့်သည်။ အပင်ကုပ်အားကောင်းစေရန် ဝါးလုံးကို တင်ပေးထားရသည်။ ရေပေးခြင်းကို ပိုက်လိုင်းဖြင့် ဆက်သွယ်ပေးထားသည်။ အပင်အောင်ခြေတွင် နွားချေးထည့်ပေးရသည်။ လက်ရှိကာလတွင် နဂါးမောက်စိုက်ပျိုးသူများ အဆင်ပြေကြသလို ဆေးဖက်ဝင်သည့်အတွက် ဝယ်ယူစားသုံးသူ များပြားလျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း