သတင်းများ

လားရှိုးမြို့တွင် မိုးစပါးမှော်ဘီကောက်ညှင်းမွှေး မျိုးစေ့ထုတ် (FS-RS) စိုက်ခင်း မျိုးကွဲနှုတ်ပယ်ခြင်း ဆောင်ရွက်
Oct 13,2023
မိုးစပါးမှော်ဘီကောက်ညှင်းမွှေး မျိုးစေ့ထုတ် (FS-RS) စိုက်ခင်း မျိုးကွဲနှုတ်ပယ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့နံနက် (၉)နာရီ အချိန်က လားရှိုးမြို့၊ ဟူးမွန်ကျေးရွာအုပ်စု၊ ရေပူကွင်းရှိ တောင်သူ ဦးစိုင်းလှကျော်၏ လယ်ကွင်းတွင် ကျင်းပပြုလုပ်သည်။
ဟားခါးတက္ကသိုလ်တွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်
Oct 13,2023
တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်စိုးဝင်း၊ ဟားခါး တက္ကသိုလ်ဒုတိယပါမောက္ခချုပ်၊ ဖိတ်ကြားထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟားခါးတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Oct 13,2023
အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေး အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့မန်နံနက် (၁၁း၀၀)နာရီအချိန် က သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၁) " ခရေ ” ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထန်းတပင်မြို့နယ်၌ လူမှုရေးပင်စင်အား အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်
Oct 13,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ဒုတိယ (၃)လပတ် လူမှုရေးပင်စင်ထောက်ပံ့ငွေများကို လူမှုဝန်ထမ်းဦးစီးဌာနမှ အသက်(၈၅)နှစ်အထက် အဘိုး/အဘွား (၁၀)ဦးအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အောင်ချမ်းသာရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့သည်။
အောင်လံမြို့၌ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချ
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ဦးဆောင်၍  ပြည်သူများအနေဖြင့် အခြေခံ စားသောက်ကုန် ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကိုယ်တိုင် စိုက်ပျိုး၊ ထုတ်လုပ်မွေးမြူသူများ၏ တန်ဖိုးသင့် တိုက်ရိုက်အရောင်းဆိုင် ဖွင့်လှစ်ရောင်းချခြင်းကို ယမန်နေ့နံနက် ၇ နာရီက မြိုနယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ရောင်းချပေးခဲ့သည်။
မြောက်ဦးခရိုင် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 13,2023
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဦးစီးသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက ပြင်ဈေးရပ်ကွက် အ.ထ.က(ခွဲ) (အ.လ.က-၁) ကျောင်း၌ ကျင်းပပြုလုပ်သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အထူးနေ့လယ်စာတည်ခင်းဧည့်ခံပွဲတက်ရောက်
Oct 13,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင် ခန်းမ၌ ပြုလုပ်သော ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် အထူးနေ့လယ်စာ တည်ခင်းဧည့်ခံပွဲ သို့တက်ရောက်ကြသည်။
မြို့သစ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး (Talk Show) ဆောင်ရွက်
Oct 13,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို အောက်တိုဘာ ၁၁ရက်နေ့ နံနက်၁၀ နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။