သတင်းများ

ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Dec 27,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေတွင် တည်ရှိပြီး နွေ၊ မိုး၊ ဆောင်းရာသီဥတုကို မျှတစွာ ရရှိသော တောင်ပေါ်ဒေသဖြစ်၍ အဆိုပါဒေသတွင် နေထိုင်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါ ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
မိုင်းရယ်၌ နွေစပါးနှင့်ဆောင်းသီးနှံစုံ ၇၁၇၉ ဧက စိုက်ပျိုးရန်လျာထားပြီး လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့
Dec 27,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆည်ရေသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် နွေစပါးနှင့် ဆောင်းသီးနှံစုံ ၇၁၇၉ ဧကကို စိုက်ပျိုးရန်လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရေကြည်မြို့၏ မြို့ကျက်‌သရေဆောင်သမိုင်းဝင်မြို့ ဦးစေတီတော်မြတ်ကြီး၏ ထီးတော်တင် ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနား ပူဇော်ကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ‌ရေကြည်မြို့နယ် မြို့မရပ်ကွက် သူတော်ကုန်းရပ် မြို့ကျက်‌သရေဆောင်သမိုင်းဝင်မြို့ဦး စေတီတော် မြတ်ကြီး၏ စိန်ဖူး‌တော်၊ ငှက်မြက်နားတော်၊ ထီးတော်တင်ရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် (၇) နာရီအချိန်က မြို့ဦး စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းလှမြို့၌ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ) သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူ
Dec 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၌ သီတင်းသုံး တော်မူသော သံဃာတော်များအား ယနေ့ နံနက် ၇ နာရီခွဲတွင် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူကြကြောင်း သိရသည်။
အိမ်မဲမြို့နယ် တကော-ဝါးသမိန်လမ်း ကျောက်ချောခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု (ငွေလုံးငွေရင်း) ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာန ရန်ပုံငွေ ဖြင့် ဖြူစင်သူကုမ္ပဏီနှင့် ခြူးဝတီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် တကော-ဝါးသမိန်လမ်း (အပိုင်း၁)နှင့် အပိုင်း(၂) ကျောက်ချောခင်း ခြင်းလုပ်ငန်းအား‌ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ (၂၄.၁၂.၂၀၂၃)ရက်နေ့တွင် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
လပွတ္တာမြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ခြင်းနှင့် အာဟာရဒါနထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့် အာဟာရဒါန ထောက်ပံ့ လှူဒါန်းခြင်းများကို ယမန်နေ့ နံနက် (၉) နာရီက လပွတ္တာမြို့နယ်၊ အမှတ် (၄)ရပ်ကွက်ရှိ မြန်မာ့ စီးပွားရေးဘဏ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) အခြေခံပညာ မူလတန်းအဆင့် ကျောင်းပေါင်းစုံ (ကျား) ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂ဝ၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) အခြေခံပညာမူလတန်းအဆင့် ကျောင်းပေါင်းစုံ (ကျား) ဘောလုံးပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။