သတင်းများ

တိုက်ကြီးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း ဆောင်ရွက်
Dec 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင်  မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲ(ငယ်)မှ လေးလပတ် အတွေ့အကြုံနှင့် လူငယ်ကော်မတီ ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်
Dec 26,2023
ရေကြည်မြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ အသင်းခွဲငယ်မှ ကျင်းပပြုလုပ်သော "လေးလပတ် အတွေ့အကြုံနှင့် လူငယ်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ငါးသိုင်းချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူလျက်ရှိသည့် သက်ကြီးအငြိမ်းစားဝန်ထမ်းများအား ယနေ့နံနက် (၁၁)နာရီက ကျန်းမာရေး စောင့်ရှောက်မှုနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်း ပြုလုပ်သည်။
အိမ်မဲမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံလျှပ်စစ်သံဂဟေဆက်သင်တန်း ဖွင့်ပွဲ အခမ်းအနား ကျင်းပ
Dec 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကြို့ကုန်းကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အစိုးရစက်မှုလက်မှုသိပ္ပံ (ဝါးခယ်မ)တို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ လျှပ်စစ်သံဂဟေဆက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန်တွင်ကျင်းပခဲ့သည်။
မိုင်းတုံမြို့၌ မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြ
Dec 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသူရိန်ဖြိုးဦးဆောင်‌‌သော ဝန်ထမ်းများက မီးဘေးအန္တရာယ် သတိပြုကာကွယ်နိုင်ရန်အတွက် မီးဘေးအန္တရာယ်ကာကွယ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မြို့မဈေးအတွင်း၌ ပြုလုပ်ရာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ဈေးရောင်းပြည်သူများ တက်ရောက်အား‌ပေးခဲ့ကြကြောင်း သိရသည်။
ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားရှစ်ခိုးကျောင်း၌ ခရစ္စမတ်နေ့အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနား ကျင်းပ
Dec 26,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် ခရစ္စမတ်နေ့အထိမ်းအမှတ် ကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့က  ကျင်းပပြုလုပ်ခဲ့သည်။
ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Dec 26,2023
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဇဝနဒီပရပ်ကွက်အတွင်း  ကျင်းပပြုလုပ်သော (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်အသင်းသားများ၏ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၈နာရီက ဇဝနဒီပရပ်ကွက် ဘောလုံးအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့ လေးကျွန်းသစ္စာရှင် နဂါးမောက်စေတီတော်မြတ် တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနား တက်ရောက်
Dec 26,2023
မော်လမြိုင်မြို့ နာဂဝီသတောင်တန်းတွင် တည်ထားကိုးကွယ်‌တော်မူသည့် ဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ တတိယအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ‌တော်အထိမ်းအမှတ် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲ အလှူတော်အစုစုအတွက် ရေစက်ချမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဣစ္ဆာသယ သိဒ္ဓိရှင် လေးကျွန်း သစ္စာရှင် နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာ (၁၀၁)ပါးတို့အား ဆွမ်းခြောက်များ လောင်းလှူကြသည်။