သတင်းများ

တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် တင်ကျန်ရစ်သော အမှိုက်သရိုက်ရွံ့နွံများ ဆက်လက်ရှင်းလင်း
Aug 01,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် ဗိုလ်ချုပ်လမ်းမကြီးနှင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေများပြန်လည်ကျဆင်းသွားချိန် တင်ကျန်ရစ်သည့် အမှိုက်သရိုက်၊ ရွံ့နွံများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စုပေါင်းရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ ထိုးနှံပေး
Aug 01,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်၍ သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေး
Aug 01,2025
 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ နယ်တွင် Resources Group Trading Co. Ltd နှင့် Hike Co.Ltd များဦးဆောင်မှုဖြင့် ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်သားမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား စျေးနှုန်းချိုသာစွာစားသုံးနိုင်ရန်အတွက် စားအုန်းဆီတစ်ပိဿာ ၇၁၄၀/-ကျပ်နှုန်းဖြင့် ယနေ့နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း (ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်
Aug 01,2025
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်း(ဆန်/ဆီ)များ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိ အရာထမ်း/အမှုထမ်းဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
ကယားပြည်နယ် လူငယ်ရေးရာကော်မတီမှ ကြီးမှူး၍ လူငယ်စကားဝိုင်း လွိုင်ကော်မြို့တွင် ကျင်းပ
Jul 31,2025
ကျောင်းသား၊ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတတိုးပွားစေပြီး ဗလငါးတန်နှင့်ပြည့်စုံသည့် ဘက်စုံထူးချွန်သူများ ဖြစ်လာစေရန်နှင့် လူငယ်များ၏အခန်းကဏ္ဍ မြင့်မားတိုးတက်စေရန် ကယားပြည်နယ် လူငယ်ရေးရာကော်မတီမှပြုလုပ်သော လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ကယားပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီအဖွဲ့ဝင်များ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာနှင့် ကောလိပ်၊ သိပ္ပံ၊ သင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဘီလူးချောင်းရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Jul 31,2025
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများအဆင့်မြင့်တင်ဆောင်ရွက်နေမှုနှင့် လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေတို့အား ကြည့်ရှုစစ်ဆေးသည်။
လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ လွိုင်ကော်မြို့၌ ကျင်းပ
Jul 31,2025
ပညာသင်ကြားနေ့သည့် လူငယ်များ နေ့စဉ်သုံးပြုအလျက်ရှိသည့် ဆပ်ပြာအမျိုးမျိုး၏ ထုတ်လုပ်နည်းပညာကို သိရှိစေရန်နှင့် ပညာသင်ကြားနေသည့်ကာလ ပြီးဆုံးပါက အတန်းပညာအပြင် အသက်မွေးဝမ်းကျောင်းပညာ တစ်ခုရရှိပြီး ၎င်းတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၅)ဖွင့်ပွဲ ကို ဇူလိုင် ၂၉ ရက်က လွိုင်ကော်မြို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း ကယားပြည်နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ စိုက်ပျိုး၊ မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၊ မိုးစပါး ယူရီးယားဓာတ်မြေသြဇာ စုပေါင်းကြဲပက်ခြင်းအခမ်းအနား တက်ရ
Jul 31,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဇူလိုင် ၂၉ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ခုတင် ၅၀၀ဆံ့ ပြည်နယ်ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။