သတင်းများ

ကော့ကရိတ်မြို့၌ အီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုနည်းသင်တန်း ဒုတိယနေ့အဖြစ် သင်တန်းပေးလျက်ရှိ
Aug 01,2025
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အီလက်ထရောနစ် မဲပေးစက်ကိုင်တွယ် အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ဒေါနခန်းမတွင်  ဇူလိုင် ၃၁ ရက်နေ့က စတင်ဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်၌ ဒုတိယနေ့အဖြစ် သင်တန်းဆက်လက်ပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဘားအံမြို့ ရေဘေးသင့်ပြည်သူများအား တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ချီးမြှင့်
Aug 01,2025
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့ပေါ်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံအားပေး၍ ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၌ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းအား တက်ရောက်ကြည့်ရှုအားပေး
Aug 01,2025
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၃ နာရီက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ကျောင်း သား/ ကျောင်းသူများအား လက်တွေ့စမ်းသပ်မဲပေးခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကျောက်ဆည်ခရိုင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး
Aug 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းသား/သမီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်
Aug 01,2025
ကချင်ပြည်နယ်အတွင်းရှိ စည်ပင်သာယာရေးအဖွဲ့များမှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ကြသော ဝန်ထမ်းသား/ သမီး ကျောင်းသား/ ကျောင်းသူများ ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးဦးတိန့်ဆောင် တက်ရောက်အားပေးချီးမြှင့်သည်။
မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 01,2025
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ လူငယ်စကားဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပ
Aug 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အကြို လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး‌ ဦးမင်းမင်းလွင် ရပ်စောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကွင်းဆင်းကြည့်ရှု
Aug 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ယနေ့နက်ပိုင်းက ရပ်စောက်မြို့နယ်အတွင်းရှိ ကျောင်းများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။