သတင်းများ

ရွှေတောင်မြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ကျေးရွာအုပ်စု(၃၀)အုပ်စုအတွက် ထုတ်ချေးပြီးစီး
Aug 01,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်မှု အဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၇)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ရွှေတောင်မြို့နယ်အတွင်း ကျေးရွာအုပ်စု(၃၀)အုပ်စုမှ တောင်သူ(၁၄၂၄)ဦးတို့၏ မိုးစပါးစိုက်ဧက(၈၁၃၃)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် (၁၂၁၉၉၅၀၀၀၀/-)အား ထုတ်ချေးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့ ကန်ကြီးရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 01,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ကန်ကြီးရပ်ကွက်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျန်းမာရေးဌာနက ဦးဆောင်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးဘီးခွန်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်
Aug 01,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးဘီးခွန်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကံမမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) သရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်း ပြုလုပ်
Aug 01,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) သရုပ်ပြခြင်းနှင့် စမ်းသပ်မဲပေးခြင်းအား ယမန်နေ့နေ့လယ်(၂)နာရီက ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြို့နယ်ကော်မရှင်အရာရှိနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူ တစ်ရာ့ကိုးဆယ်ကျော်အား စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်
Aug 01,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလက်အောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၏ ပြန်လည်ထူထောင်ရေးစခန်းအသီးသီးတွင် မူးယစ်ဆေးဖြတ်ပြီးနောက် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး၌ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ယနေ့အထိ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှု ခံယူပြီးသည့် မူးယစ်ဆေးဖြတ် သင်တန်းသားဦးရေ တစ်ရာ့ကိုးဆယ်ကျော်အထိရှိပြီဖြစ်ကြောင်း ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ကျင်းပပြုလုပ်သည့် မူးယစ်ဆေးဖြတ် သင်တန်းဆင်း၊ သင်တန်းသားများ၏ မိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ (၈/၂၀၂၅)အခမ်းအနားမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (The Whole Burma First) အမှတ်အများဆုံးရရှိသူအဖြစ် မြို့နယ်ဂုဏ်ဆောင် ကျောင်းသားတစ်ဦး ပထမဦးဆုံး ထွက်ပေါ်
Aug 01,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (The Whole Burma First) အမှတ်အများဆုံးရရှိသူအဖြစ် မြို့နယ်၏ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် ကျောင်းသားတစ်ဦး ပထမဦးဆုံးထွက်ပေါ်ခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ
Aug 01,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မီးသတ်ဦးစီးဌာနက တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီခရိုင် ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသင် တန်း(၁/၂၀၂၅) သင်တန်း ဆင်းပွဲကို ဩဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မဟာအောင်မြေမြို့နယ်၌ (၁၈) ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း
Aug 01,2025
‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်ရှိ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။