သတင်းများ

စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့်အသက်(၂)လပြည့်မှ (၁)နှစ်ခွဲ‌အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ
Aug 01,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ်(၅)ရပ်ကွက်မှ  အသက် (၂)လပြည့်မှ (၁)နှစ်ခွဲအောက်  ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
မောက်မယ်မြို့နယ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသား ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုစည်းထားရှိမှုအား ကြည့်ရှုစစ်ဆေး
Aug 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုစည်းထားခြင်းတို့အား ခရိုင်မီးသတ်ဦးစီးဌာနမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Aug 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ မျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား သွင်းအားစုပေးအပ်
Aug 01,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မျိုးစေ့ထုတ်၊ စံပြကွက်စိုက်ပျိုးဆောင်ရွက်သည့် တောင်သူများအား သွင်းအားစုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြို့သစ်၌ အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေး ကွင်းဆင်းကြည့်ရှု
Aug 01,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးကြီးအတွင်း အမဲ၊ ဝက်၊ ဆိတ်သားရောင်းချသည့် ဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့သည်။
နမ့်စန်မြို့တွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ၍ ဆုများချီးမြှင့်
Aug 01,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်နှင့် ဟောပြောပွဲ ဆောင်ရွက်
Aug 01,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   နယ်လှည့်စာကြည့်တိုက်လုပ်ငန်းနှင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက   တလုပ်ပင်ကျေးရွာအုပ်စု၊ ကံသာလေးကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။