နတ်မောက် ဩဂုတ် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ဝင်ကြေးဘီးခွန်ကောက်ခံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာဦးခိုင်ဇော်မိုးက မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ မြို့ဝင်ကြေးဘီးခွန်ကောက်ခံနိုင်ရေး မြို့ပေါ်ရပ်ကွက်များအလိုက် ကွင်းဆင်းကောက်ခံရရှိသည့် လုပ်ငန်းသစ်၊ အခွန်ပုန်း၊ အခွန်ရှောင်စာရင်းများရရှိနိုင်ရေး စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးဝန်ထမ်းများက မိမိတို့လုပ်ငန်းဆောင်ရွက်နေမှုများကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း