တိုက်ကြီး ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် မီးသတ်ဦးစီးဌာနက တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီခရိုင် ခရိုင်အဆင့်မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသင် တန်း(၁/၂၀၂၅) သင်တန်း ဆင်းပွဲကို ဩဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဆင်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသူအောင်က သဘာဝဘေးအန္တရာယ်များဖြစ်ပွားသည့်အခါ ရှေ့တန်းကျကျတုံ့ပြန်ရင်ဆိုင်ရာ၌ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင်စွမ်းဆောင်ရည်မြင့်မားစွာဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာတွင်အသုံးပြုနေသည့်ခေတ်မီအဆင့်မြင့်ရှာဖွေကယ် ဆယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာစနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုတတ်စေရန်ရည်ရွယ်၍ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှသင်ကြားပေးသည့်ပညာရပ်များဖြင့် နိုင်ငံတော်နှင့်ပြည်သူလူထုက အားကိုးအားထားပြုရသည့် ကယ်ဆယ်ရေးလုပ်သားကောင်းဖြစ်အောင်ကြိုးစားသွားကြရန် အမှာစကား ပြောကြား သည်။
ထို့နောက် သင်တန်းတွင်ထူးချွန်ဆုရရှိသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်ဦးကပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)