သတင်းများ

ဟင်္သာတတက္ကသိုလ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတတက္ကသိုလ်၊ ပင်မလေးထပ်ဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ် ရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လည်ပိုင်းက အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများပေးအပ်
Aug 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင် (၂၅) ရက်နေ့က မိုးသည်းထန်းစွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာမှ လူနေအိမ်တစ်လုံးပြိကျ ပျက်စီးခဲ့သဖြင့် လေဘေးသင့်အိမ်ထောင်စု အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကယမန်နေ့ညနေ(၄)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ငလျင်ဘေးသင့် အိမ်ထောင်စုများသို့ ဆန် ၊ ဆီ ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံလှူဒါန်း
Aug 01,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ငလျင်ဘေးသင့် အိမ်ထောင်စု များသို့ ဆန်၊ ဆီ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ လှူဒါန်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မအူပင်မြို့၌ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားကျင်းပ
Aug 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေပေးအပ်ခြင်းနှင့် သီးနှံအာမခံထားရှိခြင်း အခမ်းအနားအား ယမန်နေ့မွန်းတည့် ၁၂ နာရီက အမှတ်(၄) ရပ်ကွက်ရှိ တိုးရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် အတန်းပေါင်းစုံ ဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Aug 01,2025
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အတန်းပေါင်းစုံဘတ်စကတ်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို သြဂုတ်လ ၁ ရက် မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်မတွင်ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကျောင်းသား၊ ကျောင်သူများ တက်ရောက်ကြသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ အခွန်ပညာပေး ဆွေးနွေးပွဲကျင်းပ
Aug 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်စပ်လျဉ်း၍ အခွန်ပညာပေး ရှင်လင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ အင်္ဂပူမြို့နယ်တွင် ၂၀၂၅-၂၀၂၆-ခုနှစ် မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိ‌ရေးအတွက် ဓာတ်‌မြေဩဇာကြဲပက်ပွဲတက်ရောက်အားပေး
Aug 01,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြိုနယ်၊ တလိုင်းကွင်း‌ကျေးရွာအုပ်စု၊ သ‌ပြေတုန်းလဲကျေးရွာတွင် ယနေ့နံနက်ပိုင်းက (၂၀၂၅-၂၀၂၆)ခုနှစ် မိုးစပါးပန်းတိုင်ထွက်နှုန်းရရှိ‌‌ရေးအတွက် ဓာတ်‌မြေဩဇာကြဲပက်ပွဲ ပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဖွင့်
Aug 01,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် မကျီးပင်အခြေခံပညာအထက်တန်း ကျောင်းတွင် မြို့နယ်သာသနာရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ဗုဒ္ဓဘာသာယဉ်ကျေး လိမ္မာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း၊ ဓမ္မရုံတွင် ကျင်းပသည်။