ဆီဆိုင် ဩဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှိုက်များအား စနစ်တကျခွဲခြားစွန့်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ အစည်းအဝေးခန်းမ၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတို့ကို အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ပစ်ခြင်း အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ပလပ်စတစ်သုံးစွဲမှု လျော့ချနိုင်ရေး၊ ပလတ်စတစ် အမှိုက်အမျိုးအစား၊ အမှိုက်ခြောက်အမျိုးအစားများ၊ အမှိုက်စိုအမျိုးအစားများနှင့် ဘေးအန္တရာယ်ရှိ အမှိုက်အမျိုး အစားများစသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)