မောက်မယ် သြဂုတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း ဒေသခံတိုင်းရင်းသား ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်မြတ်ဆုဆုဇော်က ယနေ့ခေတ်တွင် ဆက်သွယ်ရေးနည်းပညာများ လျင်မြန်စွာတိုးတက်လျက်ရှိရာ လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် နည်းမျိုးစုံဖြင့် လိမ်လည်ခံရသူများမရှိစေရေးအတွက် ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား/ ကျောင်းသူများ သတိပြုဆင်ခြင်နိုင်စေရေး၊ အင်တာနက်အွန်လိုင်းအသုံးပြု၍ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား သတိပြုဆင်ခြင်နိုင်ရေးအသိပညာပေးဆွေးနွေးခဲ့ပြီး ပညာပေးဗီဒီယိုကလစ်များပြသပေးခဲ့ပြီး (Community Centre) ခန်းမ၌ ခင်းကျင်းပြသထားသည့် ပလပ်စတစ်အသုံးပြုမှုလျော့ချရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့်ဓာတ်ပုံ များအားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)