အင်္ဂပူ ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုစည်းထားခြင်းတို့အား ခရိုင်မီးသတ်ဦးစီးဌာနမှ လာရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးဟိန်းသူဟန် (လက်ထောက်ညွှန်ကြားရေးမှူး)က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားရှိမှုနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုစည်းထားမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ခရိုင်မီးသတ်ဦးစီးမှူးက သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်စုများ စုဖွဲ့ထားရှိမှုအခြေအနေနှင့် ကယ်ဆယ်ရေးသုံးပစ္စည်းများ စုစည်းထားခြင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြား ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အင်္ဂပူမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အလျှင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးတပ်စုကို (၃၅)ဦးဖြင့် စုဖွဲ့ထားရှိပြီး ကယ်ဆယ်ရေးသုံးပစ္စည်းများအား စုစည်းထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မန်းကျော်(ပြန်/ဆက်)