ဘိုကလေးမြို့နယ်မှ လေဘေးသင့်အိမ်ထောင်စုအတွက် ထောက်ပံ့ငွေများပေးအပ်

ဘိုကလေး ဩဂုတ် ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇူလိုင် (၂၅) ရက်နေ့က မိုးသည်းထန်းစွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်းတို့ကြောင့် ကျွန်းညိုကြီးကျေးရွာအုပ်စု၊ ကျားချောင်းကျေးရွာမှ လူနေအိမ်တစ်လုံးပြိကျ ပျက်စီးခဲ့သဖြင့် လေဘေးသင့်အိမ်ထောင်စု အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကယမန်နေ့ညနေ(၄)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထောက်ပံ့ဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မို့မို့သွင်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ လေဘေးသင့် အိမ်ထောင်စုဝင် လက်ဝယ်အရောက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁) သိန်းကျပ်၊ လေဘေးသင့် အိမ်ထောင်စုဝင် စုစုပေါင်း (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၃) သောင်းကျပ်၊ တန်ဖိုး (၁) သိန်းကျော်ရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၁) ပုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)