ငလျင်ဘေးသင့် အိမ်ထောင်စုများသို့ ဆန် ၊ ဆီ ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံလှူဒါန်း

ချမ်းမြသာစည် ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ငလျင်ဘေးသင့် အိမ်ထောင်စု များသို့ ဆန်၊ ဆီ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ လှူဒါန်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းခြင်းတွင် နီပွန်ဖောင်ဒေးရှင်းမှ အိမ်ထောင်စု တစ်စုလျင် ဆန်၊ ဆီ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံပါ တစ်အိတ်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် လူသုံးကုန်ပစ္စည်း ၆မျိုးပါ ပစ္စည်းအိတ် တစ်အိတ်တို့ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက ပေးအပ်လှုဒါန်းခဲ့ရာ ငလျင်ဘေးသင့် အိမ်ထောင်စု ၃၃၉ စုတို့က လက်ခံရယူခဲ့ကြောင်း သိရသည်။

ချမ်းမြေ့ (ချမ်း/စည်)