မိုင်းခုတ် ဇန်နဝါရီ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(နောင်တုံ)၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ညနေ(၃:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော စတုတ္ထတန်းမှ KG တန်း အထိ ဆုရရှိသောကျောင်းသား၊ ကျောင်းသူများနှင့်(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစား ပြိုင်ပွဲများတွင်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုး၊ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခုတ်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းခမ်းဖောင်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ရာ အခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)