ရန်ကုန် ဇန်နဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ယမန်နေ့ညနေ(၆)နာရီအချိန်မှ ည(၁၀)နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတော်သို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲတွင် အပန်းဖြေလာရောက်ကြသူများပွဲတော်ရက်တွင် လေးဆူဓါတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးအားအလှမီးမျိုးစုံများဖြင့် ပုံစံမျိုးစုံအလှဆင်ထားရှိပြီး ပြည်သူများကမိသားစုလိုက်လူငယ်များကအဖွဲ့လိုက်နှင့်တစ်ဦးချင်း အလှဓာတ်ပုံများရိုက်ကူး၍ စိတ်လက်ပေါ့ပါး ပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက်ရှိကြသည်။
ထို့အပြင် ပွဲတော်အတွင်း စတုဒိသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုမျာ၊ DJ များ၊ Dancer အကဖျော်ဖြေမှုများနှင့် မျိုးဆက်သစ်တေးသံရှင်ပေါင်းများစွာ၏ ဖျော်ဖြေတင်ဆက်မှုများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းနှင့် လာရောက်လည်ပတ်ကြသူများစိတ်နှလုံးသာယာပျော်ရွှင်ချမ်းမြေ့စေရန်အတွက်လည်း ည(၉)နာရီအချိန်တွင် မီးရှူး၊ မီးပန်းများပစ်ဖောက်ခဲ့ရာ ပွဲတော်လာ ပြည်သူများအထူးကြိုက်နှစ်သက်၍ စိတ်ပေါ့ပါးပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့ပြင် ပွဲတော်လာပြည်သူများအတွက် သွားရေးလာရေးလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကိုလည်း စီစဉ်ထားသဖြင့် အဆင်ပြေစွာသွားလာလျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)