မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းနှမ်း (၆၆၄၁၄) ဧက စိုက်ပျိုးပြီးစီး

မုံရွာ ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းနှမ်း  (၆၆၄၀၀) ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။

မုံရွာခရိုင်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆောင်းနှမ်း (၆၆၉၉၁) ဧက စိုက်ပျိုးရန်လျာထားပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ (၆၆၄၁၄) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မုံရွာခရိုင်မှာ ဆောင်းနှမ်း (၆၆၉၀၀) ဧက ကျော်လျာထားစိုက်ပျိုးခဲ့ရာ ဒီနေ့ထိ (၆၆၄၀၀) ဧက ကျော်စိုက်ပျိုးပြီးပါပြီ။ ဆက်လက်၍လည်း စိုက်ပျိုးလျက် ရှိပါတယ်။ အထွက်နှုန်း ကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်” ဟု မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန်းစန်းမြင့်က ပြောပြသည်။

မုံရွာခရိုင်တွင် မြို့နယ်အလိုက် ဆောင်းနှမ်းစိုက်ပျိုးပြီးစီးမှုအနေဖြင့် မုံရွာမြို့နယ်တွင် (၁၂၅၅၅) ဧက၊ ချောင်းဦးမြို့နယ်တွင်  (၁၅၂၅၇) ဧက၊ ဘုတလင်မြို့နယ်တွင်  (၁၃၈၇၅) ဧကနှင့် အရာတော်မြို့နယ်တွင် (၂၄၇၂၇) ဧက စုစုပေါင်း (၆၆၄၁၄) ဧက ဖြစ်ကြောင်း၊ လျာထားမှုအနေဖြင့် မုံရွာမြို့နယ်တွင် (၁၂၇၂၀) ဧက၊ ချောင်းဦး မြို့နယ်တွင် (၁၅၆၈၀) ဧက၊ ဘုတလင်မြို့နယ်တွင် (၁၃၅၉၁) ဧက  နှင့် အရာ‌တော်မြို့နယ်တွင် (၂၅၀၀၀) ဧက  စုစုပေါင်း (၆၆၉၉၁) ဧက ဖြစ်ကြောင်း သိရသည်။

မုံရွာခရိုင်တွင် ယခင်နှစ် ‌နှမ်းစိုက်တောင်သူများကို ဆောင်းနှမ်း တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးသည့်နည်းစနစ်၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုးနိုင်ရေး၊   မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးများစိုက်ပျိုးနိုင်ရေးအတွက် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)