သတင်းများ

တောင်တွင်းကြီးမြို့ပေါ်ရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ် ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Aug 02,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ပေါ် ရပ်ကွက်(၂)ခုတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
ဒေါပုံမြို့နယ်တွင် အ‌ခြေခံပညာကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Aug 02,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ အ.လ.က(၂) ကျောင်းတွင် တာ၀န်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
သန်လျင်မြို့နယ် ဝါးကျောင်းရပ်ကွက်နှင့် သောက်တော်တွင်းရပ်ကွက် တို့၌သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေး fogging မှုတ်ခြင်းဆောင်ရွက်
Aug 02,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများမှယနေ့ နံနက်(၁၀)နာရီအချိန်ကသန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ဝါးကျောင်း ရပ်ကွက်နှင့် သောက်တော်တွင်းရပ်ကွက် တို့၌ fogging မှုတ်ခြင်း များဆောင်ရွက် ခဲ့ကြသည်။
ပေါင်းတည်၌ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့်များ ထုတ်ပေး
Aug 02,2025
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့် နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့် ထုတ်ပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် လူမှုဖူလုံရေး၌ထုတ်ပေးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာအုပ်စု (၃၄) အုပ်စု၌ မိုးနှမ်း (၃၂၃၄) ဧကစိုက်ပျိုး
Aug 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ် (၃၄) အုပ်စု၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။
လပွတ္တာမြို့နယ်၌ ရေဘေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ
Aug 02,2025
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက် ဦးစီမိန်းတံတားနှင့် ရေပေါ်လေးတံတားတို့တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်မီးသတ် ဦးစီးမှူး ဦးကျော်မျိုးမြင့် ဦးဆောင်၍ ခရိုင်နှင့် မြို့နယ်ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်အင် အား(၃၅)ဦးဖြင့် ရေလမ်းခရီးသွားပြည်သူများအား ရေဘေးအသိပညာပေး လက်ကမ်းစာ စောင်များ ဝေငှခြင်း၊ အသက်ကယ်အင်္ကျီ(Life Jacket)ဖြင့် လက်တွေ့ဝတ်ဆင် သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Aug 02,2025
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနတွင် ထိုးနှံလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်တွင် တောင်သူလယ်သမားများအား စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်းနှင့် MPE ဓာတ်မြေဩဇာများ ပေးအပ်
Aug 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေးစင်တာ၌ သြဂုတ်လ ၂ ရက် နံနက် ၉ နာရီက တောင်သူများအား စိုက်ပျိုးရေးနည်းစနစ်များ အသိပညာပေးခြင်းနှင့် MPE ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့သည်။