သတင်းများ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Aug 03,2025
ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် ရုံးသစ်ဖွင့်ပွဲအထိမ်းအမှတ်ဖြင့်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်‌နေ့နံနက်(၇)နာရီ၌ ဦးပုညလမ်း၊ အမှတ်(၈)ရပ်ကွက်ရုံးတွင် ကျင်းပပြုလုပ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များများသည် ယမန်နေ့နံနက်ပိုင်းက တွံတေးမွေးမြူရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး ကတ္တရာ ကွန်ကရစ်(AC)လမ်းပုခုံးပဲ့ကျမှုနှင့် လမ်းသားပဲ့ကျမှုများခဲ့သည် တုံတာမြို့တွင်းလမ်း ယာဉ်ကြီး/ ယာဉ်ငယ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိ
Aug 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စုလမ်းမကြီး၊ တုံတာမြို့တွင်း ကတ္တရာကွန်ကရစ်(AC)လမ်းသည် ဇူလိုင် ၃၀ ရက်က မိုးသည်းထန်စွာရွာသွန်း၍ နမ့်စင်ချောင်းရေတိုက်စားမှုကြောင့် လမ်းပုခုံးပဲ့ကျမှုနှင့်လမ်းသားပဲ့ကျမှုများဖြစ်ပေါ်ခဲ့ပြီး ယာဉ်ကြီး/ယာဉ်ငယ်များ အဆင်ပြေပြေချောမွေ့စွာသွားလာနိုင်ရေး လမ်းအထူးအဖွဲ့(၃)နှင့် တာဝန်ရှိသူများကဆောင်ရွက်လျက်ရှိရာ ကုန်စည်စီးဆင်းမှုပျက်တောက်မှုမရှိကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)‌ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Aug 03,2025
၂၀၂၅ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)‌ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ညောင်ရွှေမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ရေပယ်(ထက်)-ရေဦး(မြောက်) ကျောက် ချောလမ်း (၀/၄)မိုင် လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်
Aug 03,2025
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ဒေသတွင်းရှိကျေးလက်ဒေသနေပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့်ဒေသဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးရွာချင်းဆက်လမ်းများနှင့် တံတားများတည်ဆောက်ပေးခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနသည် ဩဂုတ်(၃)ရက်နေ့တွင် ရေပယ်(ထက်)-ရေဦး(မြောက်) ကျေးရွာချင်းဆက် ကျောက်ချောလမ်း လုပ်ငန်းစတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
သန်လျင်ခရိုင်အတွင်း လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှ သန်လျင်ခရိုင်အတွင်း လေဘေးသင့်အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သတ္တမအကြိမ်မြောက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုး
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် သတ္တမအကြမ်မြောက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးခြင်ကို ယမန်နေ့နံနက်ပိုင်းက အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန် - ပုသိမ်လမ်း ဝဲဘက်ခြမ်း စုပေါင်းရုံးရှေ့ရှိ မြေဧရိယာ(၂.၂၅)ဧကတွင် စိုက်ပျိုးသည်။
တွံတေးမြို့တွင် ၂၀၂၅ ခုနှစ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလားရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ် အုန်းပင်စုရပ်ကွက်တွင် ၂၀၂၅ ခုနှစ် တွံတေးမြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံအမျိုးသား(အလွတ်တန်း)မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ​​ယမန်နေညနေ(၃)နာရီအချိန် တွံတေးမြို မြို့မအားက စားကွင်း၌ကျင်းပခဲ့ကြောင်း သိရှိရသည်။