ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (၃၃) ကြိမ်မြောက် ဌာနဆိုင်ရာ စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားသို့တက်ရောက်
Nov 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ ဟော်ကုန်းရပ်ကွက်ရှိ မြို့မဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က (၃၃) ကြိမ်မြောက် ဌာနဆိုင်ရာစုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ရာ ဓနုကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒေသအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။