ကျိုင်းတုံခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 (သင်ရိုးသစ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူးရုံး(ရုံးခွဲ)၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျိုင်းတုံတက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သည့် ကျိုင်းတုံခရိုင်အဆင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 (သင်ရိုးသစ်) တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၃ ရက်မှ ၁၄ ရက်ထိ ကျိုင်းတုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာက အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး ဒေါ်ခင်ညိုညိုက ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်မြင့်မားလာစေရန်၊ တက္ကသိုလ်ဝင်တန်း Grade-12 (သင်ရိုးသစ်) မေးခွန်း၏သဘောသဘာဝ အမှတ်ပေးစည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆိုနည်းများကို ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးနိုင်စေရန်နှင့် Grade-12 (သင်ရိုးသစ်) လုပ်ငန်းစဉ်များ ပိုမိုသိရှိနားလည်စေရန်အတွက် ရည်ရွယ်ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲတွင် ကျိုင်းတုံတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာပါမောက္ခနှင့် တွဲဖက်ပါမောက္ခများက ကျိုင်းတုံခရိုင်အတွင်းမှ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြဆရာ၊ ဆရာမ ၂၁၀ ဦးအား နှစ်ရက်ကြာ ဆွေးနွေးပို့ချကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)