သတင်းများ

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဟားခါးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် စာသင်ကြားပေးနေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား ကြည့်ရှုအားပေး
Nov 12,2023
ချင်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက နိုဝင်ဘာလ ၁၁ ရက်နေ့  နံနက် ၈ နာရီခွဲက စုပေါင်းဆောင်ရွက်ကြသည်
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂ / ၂၀၂၃)သို့ တက်ရောက်
Nov 12,2023
ချင်းပြည်နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂ / ၂၀၂၃) ကို ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာသူများအား စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း
Nov 12,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ရောက်ရှိနေသော ယာယီနေရပ်စွန့်ခွာသူများအား စေတနာရှင်အလှူရှင်များနှင့် လူမှုကူညီရေးအဖွဲ့တို့မှ နိုဝင်ဘာလ ၁၁ ရက်နေ့က စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ကျောက်တန်းမြို့နယ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးသည့်မိုးစပါးများ စတင်ရိတ်သိမ်း
Nov 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ကျုံကန်ကျေးရွာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ်တွင် ကျောက်တန်းမြို့နယ် သမဝါယမအသင်းစုမှ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ရယူဆောင်ရွက်နေသည့် ကျုံကန်ကျေးရွာ ရွှေကံကော်စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းမှ အသင်းသား ဦးစိုးမောင်၏လယ်ဧက (၁၀)ဧကကို ၁၀-၁၁-၂၀၂၃ ရက်နေ့ က မိုးစပါးများစတင်ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးတင်း(၈၀)တင်းထွက်ရှိကြောင်း သိရှိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ တောင်ဂူနီနှင့် မြောက်ဂူနီဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကို ဖူးမြှော်ပြီး ဂူဘုရားတည်ဆောက်ပုံ ဗိသုကာပညာရပ်များကို လေ့လာနိုင်
Nov 11,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း တောင်ဂူနီဘုရားနှင့် မြောက်ဂူနီဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်ကို ဖူးမြှော်ပြီး ဂူဘုရားတည်ဆောက် ပုံဗိသုကာပညာရပ်များနှင့် နံရံပန်းချီတို့ကို လေ့လာနိုင်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦး ဒက္ခိဏသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုနှင့် စက်ရုံအလုပ်ရုံများအား လှည့်လည်ကြည့်ရှုအားပေး
Nov 11,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်းအတွင်း၊ အပြင်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာဆရာမများက ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ သစ်ပင်များ အလင်းဖွင့်ခြင်း ၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး
အမ်းမြို့နယ်တွင်၂၀၂၃ ခုနှစ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Nov 11,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၊ အောက်ရွာကျေးရွာ၌ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူ ဦးဇော်မျိုးထက်တို့ ပူးပေါင်းဆောင်ရွက်ထားသော လယ် ၁၀ ဧကတွင် စိုက်ပျိုးသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။