သတင်းများ

တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကျင်းပ
Nov 12,2023
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြို့နယ်သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ​အမှတ် (၉) ရပ်ကွက်၊ သူရလမ်းရှိ သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။
ဒေးဒရဲမြို့၌ ဆီထွက်သီးနှံဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲ ကျင်းပ
Nov 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ ဒေသတွင်း ဆီစားသုံးမှုဖူလုံစေရေးရည်ရွယ်၍ ဆီထွက်သီးနှံဆောင်းနေကြာ စိုက်ပျိုးမည့် တောင်သူများအား ဆောင်းနေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က တော်လှကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Nov 12,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အ.လ.က (တပ်တွင်း) ကျောင်း၌ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဏာရေးနှစ် နှစ်ခုဆက်၍ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၃၅၀ ဒသမ ၀၆၄ သန်းဖြင့် Shan Queen ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ၊ အမြင့် ၂၄ ပေရှိ RCC နှစ်ထပ်စာသင်ဆောင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှုကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
လွိုင်လင်မြို့၌တည်ထားကိုးကွယ်သည့် အနန္တဇိနလောကချမ်းသာစေတီတော်မြတ်ကြီးတွင် တင်လှူမည့် စိန်ဖူးတော်၊ ထီးတော်များပင့်ဆောင်ပွဲကျင်းပ
Nov 12,2023
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ မဟာထူပါရုံတောရ ကျောင်းတိုက်၊ အောင်တော်မူတောင်ပေါ်တွင် တည်ထားကိုးကွယ်သည့် အနန္တဇိနလောက ချမ်းသာစေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ရွှေထီးတော်ပင့်ဆောင် ပူဇော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မိုင်းပွန်မြို့မှ လွိုင်လင်မြို့သို့ပင့်ဆောင်ခဲ့သည်။
ရမ်းဗြဲမြို့၌ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် မင်္ဂလာအခမ်းအနား ကျင်းပ
Nov 12,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ကျောက်ထုတ်လုပ်သူများအသင်းတို့ စုပေါင်း၍ မဟာဘုံကထိန်ပွဲတော် မင်္ဂလာအခမ်းအနား ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က မြို့တည်ဆုတောင်းပြည့် တန့်ရှင်ပင်စေတီ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးမင်းနောင် လယ်ဝေးမြို့နယ် သီးထပ်စွမ်းအားမြင့်မားတိုးတက်ရေး တောင်သူတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
Nov 12,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက် ၁၀ နာရီက လယ်ဝေးမြို့နယ်၊ ခရမ်းကိုင်းကျေးရွာအနီးရှိ၊ အဆင့်မြင့်လယ်ယာမြေဧက ၂၀၀ ရှင်းလင်းဆောင်တွင် ကျင်းပသည့် သီးထပ်စွမ်းအားမြင့်မားတိုးတက်ရေး တောင်သူတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်တွင် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း
Nov 12,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့ တပ်ဦးရတနာစည်စာသင်တိုက်တွင် (၁၆)ကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၉)နာရီက အဆိုပါ ကျောင်းတိုက် စိန်ရတနာကျောင်းဆောင်တွင် ကျင်းပပါသည်။
သရက်မြို့၌ မျက်စိနာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 12,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် မျက်စိနာရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပခြင်း အခမ်းအနားကို နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပရာ ဒုတိယ ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။