သတင်းများ

လိပ်သိုဒေသတွင် ငရုတ်ပင်များ တနိုင်တပိုင်စိုက်ပျိုး
Nov 14,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများသည် မိမိတို့ခြံမြေများနှင့် အိမ်ခြံဝင်းများအတွင်းတွင် ရာသီနှင့်ကိုက်ညီသော ရာသီမရွေးစိုက်ပျိုးနိုင်သည့် စားဖိုချောင်သုံး ဟင်းသီး/ဟင်းရွက်ပင်များ အိမ်တိုင်းလိုလိုပင်စိုက်ပျိုးထားရှိကြရာ ငရုတ်ပင်များကိုလည်း တနိုင်တပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Nov 14,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ထက်တန်းကျောင်းခွဲ အ.လ.က (၄) ကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ (အ.လ.က(၄) ကျောင်း၌ ကျင်းပခဲ့သည်။
ကျောက်တံတားမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် (၁)နာရီ အချိန်က ကျင်းပသည်၊၊
ကျောက်တလုံးကြီးမြို့၊ ပုံဆွေပင်ကျေးရွာတွင် (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေး
Nov 14,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း ကလေးငယ်များအား (HPV) သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ပုံဆွေပင်အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ယနေ့နံနက် ၈ နာရီခွဲက ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ပြည်ကြီးတံခွန်မြို့နယ် ကျွမ်းကျင်မှုသင်တန်းကျောင်း (မန္တလေး)တွင် လေအေးပေးစက်တပ်ဆင်၊ ပြုပြင်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Nov 14,2023
မန္တလေးမြို့တွင် လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ သင်တန်းမှရရှိသည့်အတတ်ပညာဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်နိုင်ရန်၊ မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်အစရှိသည့် ရည်ရွယ်ချက်များဖြင့် မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် လေအေးပေးစက်တပ်ဆင်ပြုပြင်ခြင်းသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက ပြည်ကြီးတံခွန်မြို့နယ်ရှိ ကျွမ်းကျင်မှုသင်တန်းကျောင်း (မန္တလေး)တွင် ကျင်းပခဲ့ပါသည်။
ကျောင်းသားလူငယ်များ အသိပညာများရရှိ၍ ဗလငါးတန်နှင့်ပြည့်စုံစေရန် ပန်းဘဲတန်းမြို့နယ် အ.ထ.က-၂ ကျောင်းသို့ နယ်လှည့်စာဌားဆောင်ရွက်
Nov 14,2023
ကျောင်းသား/ ကျောင်းသူများ စာပေအသိပညာဗဟုသုတတိုးပွားစေပြီး စာဖတ်ရှိန်မြင့်မားစေရေးအတွက် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်အနေဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အ.ထ.က-၂ ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ကျောင်းသူများအား သုတ/ရသစာအုပ်များ ငှားရမ်းပေးခဲ့သည်။
မြစ်သားမြို့နယ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် Mobile Library စနစ်ဖြင့် ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ကွင်းဆင်း ငှားရမ်းပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲများပြသ
Nov 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် mobile library စနစ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ (အခမဲ့) ကွင်းဆင်းငှားရမ်းပေးခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ အခမ်းအနားတက်ရောက်
Nov 14,2023
တိုင်းရင်းသားများ၏ ရိုးရာယဥ်ကျေးမှု၊ ဓလေ့ထုံးစံများကို ပြန်လည်အမှတ်ရစေပြီး ဆက်လက်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးနှင့် စည်းလုံးညီညွတ်မှုကို ဖော်ကျူးဂုဏ်ယူ၍ ဇာတိသွေး၊ ဇာတိမာန်များ၊ မျိုးချစ်စိတ်ဓာတ်များ၊ အမျိုးသားရေး စိတ်ဓာတ်များ ထက်မြက်ရှင်သန်ရေး၊ နိုင်ငံတော်ကို ချစ်မြတ်နိုးသော စိတ်ဓာတ်များ ကိန်းအောင်းလာစေရေးအတွက် အသိပေးနှိုးဆော်သည့်နေ့အဖြစ် ယမန်နေ့ နံနက် (၈) နာရီက ညောင်ရွှေမြို့၊ ကျောက်တိုင်ကွင်း၌ အဋ္ဌမအကြိမ်မြောက် အင်းသားအမျိုးသားနေ့ ကျင်းပကြောင်း သိရသည်။