မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာ စာအုပ်စာစောင်ပြပွဲကျင်းပ
Nov 14,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူများ၊ လူငယ်များ အသိပညာဗဟုသုတတိုးပွားရေး၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေး၊ ဗလ(၅)တန်နှင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ရေးရာ စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြသခဲ့သည်။