ဆင်ပေါင်ဝဲမြို့နယ်၊ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အမှတ်(၃)ရပ်ကွက်ရှိ ဘုရားငါးဆူစေတီတော်မြတ်ကြီးတွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ဘုရားငါးဆူစေတီတော်မြတ်ကြီး၏ ရှေ့မှစတင်ကာ မြို့တွင်းတစ်ပတ်လှည့်လည်၍ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မြို့နယ်အတွင်းရှိ သံဃာတော်အပါး (၆၁)ပါးတို့က မြို့တွင်းတစ်ပတ်လှည့်လည်၍ အလှူခံကြရာ စေတနာရှင်၊ အလှူရှင်ပြည်သူများက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုများကို လောင်းလှူခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)