သတင်းများ

ကျိုင်းတုံမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်
Nov 13,2023
ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၉၂)စက်မှုလယ်ယာစခန်း (ကျိုင်းတုံ)တွင် ကျင်းပသည်။
ပုံပါကျင်မြို့ အမှတ်၄ရပ်ကွက်၌ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်း ဆောင်ရွက်
Nov 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့၊ အမှတ်၄ရပ်ကွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အမှတ်၄ရပ်ကွက်တွင် နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းများကို နိုဝင်ဘာလ(၁၃)ရက်နေ့မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ ဆီထွက်သီးနှံ ပန်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Nov 13,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေတွင် တည်ရှိပြီး နွေ၊ မိုး၊ ဆောင်းရာသီဥတုကို မျှတစွာရရှိသော တောင်ပေါ်ဒေသဖြစ်၍ အဆိုပါဒေသတွင် နေထိုင်သူအများစုမှာ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြရာ ယခုအခါ ဆီထွက်သီးနှံ ပန်းနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
မအူပင်မြို့တွင် MCCT အစီအစဉ်နှင့် ပတ်သက်၍ အကျိုးခံစားခွင့်ရှိသူများအား ​ထောက်ပံ့​ကြေး ဖြန့်ဝေပြီး အခြေအနေ လေ့လာမှုစစ်တမ်းကောက်ယူမှု ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ
Nov 13,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် MCCT အစီအစဉ်အခြေအနေလေ့လာမှု စစ်တမ်း (Post Distribution Monitoring – PDM) ကောက်ယူမှုရှင်းလင်းခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ပွင့်ဖြူမြို့နယ် မကြီးကုန်းကျေးရွာ၌ (VDP)စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းကွန်ကရစ်လမ်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
Nov 13,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မကြီးကုန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများအဖွဲ့က သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Nov 13,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်းရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ကျိုင်းတုံ)တို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
မင်းလှမြို့၌ ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေး အသိပညာပေး Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 13,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာ‌ပေး Campaignကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈)နာရီက မင်းလှမြို့ ဇေယျာသီရိဈေးတွင် ဈေးရောင်း၊ စျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများအား ငှက်ပျောဖက်နှင့် အင်ဖက်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့သည်။
ပေါင်းတည်၌ အခြေခံပညာမူလတန်းဆင့် Grade -5 စာမေးပွဲ လုပ်ငန်းဆိုင်ရာဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 13,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပညာမူလတန်းဆင့် Grade-5 စာမေးပွဲ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အ.ထ.က(ပေါင်းတည်) ပညာရတနာ ခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။