ပင်လုံ ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ စင်မြင့်ထက်တွင် နေရာယူကြသည်။ ထို့နောက် ပညာရေးအဖွဲ့ဝင်များ စီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီးနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား စတင်ဖွင့်လှစ်ပါသည်။ ထို့နောက် ပင်လုံတက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီလာမြင့်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာမင်းလွင်၊ ဒေါက်တာခင်လေးရီတို့က အဖွင့်အမှာစကားပြောကြားခြင်း၊ ပင်လုံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာခင်လေးရီတို့က အသီးသီး အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ပင်လုံတက္ကသိုလ် သင်တန်းရေးရာဌာန ဌာနမှူး၊ သမိုင်းဌာန ပါမောက္ခဌာနမှူး၊ ဓာတုဗေဒဌာန ပါမောက္ခဌာနမှူးတို့က ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများကို အသီးသီး ရှင်းလင်းပြောကြားကြသည်။ ထို့နောက် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်တို့က ဆုချီးမြှင့်ပေးပြီး မောက်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါမောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ရုံးပိုင်းဆိုင်ရာတာဝန်ရှိသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်ဘွဲ့ကြိုသင်တန်းသို့ တက်ရောက်ကြမည့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
လွိုင်လင်မိုး (ခရိုင်၊ ပြန်/ဆက်)