သတင်းများ

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေး
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (နေကြာ) စိုက်ပျိုးခြင်းအတွက် သွင်းအားစုများပေးအပ်
Mar 01,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ (နေကြာ) စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ (၁၁) ရွာရှိတောင်သူများအား သွင်းအားစုပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည်။
မောက်မယ်မြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်း စတင်ဖွင့်လှစ်
Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယနေ့နံနက်ပိုင်း ၇ နာရီခွဲက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ စတင်ဖွင့်လှစ် လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
ရန်ကင်းမြို့နယ်ရှိ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက်၊ ကံဘဲ့လမ်းရှိ DKSH ကုမ္မဏီ၀န်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးငှာနမှ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နေ့လယ် (၁၂:၀၀) အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် ဒေသခံတောင်သူများအား ဆာဖိုးသာအထွက်တိုးစပါးမျိုးများ ထောက်ပံ့ပေးအပ်
Mar 01,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိတောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်နှင့် နွေစပါးသီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ နွေစပါးအကွက်ကျယ် စံပြကွက်စိုက်ပျိးတောင်သူများအား ဆာဖိုးသာအထွက်တိုးစပါး မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာ ကွင်းအမှတ် (၇၉၀)၊ တောင်သူ ဦးဝင်းတင်စိုး၏ လယ်မြေ၌ ကျင်းပသည်။
မုံးထမြို့၌ ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Mar 01,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မုံးထမြို့၌ တောင်သူများစိုက်ပျိုးထားသည့် ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားထားသည့် "လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။