သတင်းများ

ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် အသိပညာပေးဆွေးနွေး
Feb 29,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက  ပွင့်ဖြူမြို့နယ် ကန်ဆွယ်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ ကျင်းပသည်။
လပွတ္တာမြို့နယ်တွင် အခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) မွမ်းမံသင်တန်းဖွင့်လှစ်
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ဌာနဝန်ထမ်းများနှင့်အတူအခြေခံတိရစ္ဆာန်ကျန်းမာရေးလုပ်သား (CAHW) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ အချိန်က ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်း‌ဒေသကြီး အသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာန တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ချပြရှင်းလင်းပွဲ ကျင်းပ
Feb 29,2024
 စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာန (တိုင်းရုံး)၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုံရွာ) နှင့် ခရိုင် အသေးစားစက်လက်မှုလုပ်ငန်းဦးစီးဌာနများရှိ ဝန်ထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်စစရာများ ချပြရှင်းလင်းပွဲကို ယနေ့နံနက် ၁၀နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ချီဖွေမြို့နယ်၌ ပန်းခင်းစီမံချက် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Feb 29,2024
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ချီဖွေမြို့ပေါ်ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ဒေသခံပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများထိ နယ်မြေအရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကရစ်လော်ရပ်ကွက် (IDPs) စခန်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိင်ပွဲများတွင် ဆုရရှိသူများအား ဆုပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 29,2024
ဟားခါးတက္ကသိုလ်၌ (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် စာစီစာကုံး၊ ကဗျာ၊ ကာတွန်းနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ အထောက်အပံ့ဖြင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၁ နာရီက ဟားခါးတက္ကသိုလ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြောင်းမြမြို့နယ် စားနပ်ဖူက္ခာဖူလုံစေရေးအတွက် အကျိုးပြုနေသည့် အသားစားကြက်နှင့် ဥစားကြက်‌မွေးမြူရေးလုပ်ငန်း
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ အသားစားကြက်နှင့် ဥစားကြက်မွေးမြူရေးခြံများသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့်ပူးပေါင်း၍ လုပ်ငန်းရှင်များအား ကြက်မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယမန်နေ့နံနက် ၁၀ နာရီက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။ ‌
တနိုင်းမြို့နယ်တွင် Grade-9 နှစ်ဆုံး စာမေးပွဲ နောက်ဆုံးနေ့ အေးချမ်းစွာဖြေဆိုပြီးစီး
Feb 29,2024
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံး စာမေးပွဲသိပ္ပံဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ လာရောက်လေ့လာ ကြည့်ရှု
Feb 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ခင်းကျင်းပြသထားသည်များကို ယမန်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။