နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) သို့ လာရောက်လေ့လာ ကြည့်ရှု

ပန်းတနော် ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား ကျောင်းသူများမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ခင်းကျင်းပြသထားသည်များကို ယမန်နေ့ နံနက်ပိုင်းက လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံသို့ နွေရာသီ ကျောင်းပိတ်ရက်အတွင်း ဆရာ/မများ၊ ကျောင်းသား ကျောင်းသူများလာရောက်၍ ပြတိုက်ငယ်၌ ခင်းကျင်းပြသထားရှိသည့် သမိုင်းဝင်ဘုရားစေတီပုထိုးများ၊ ထူးချွန်ထင်ရှားလူပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးထွက်ကုန်ပစ္စည်းများ စသည်တို့အား လေ့လာကြည့်ရှုခြင်း၊ စာကြည့်တိုက်တွင် စာအုပ် စာစောင်များဖတ်ရှုလေ့လာခြင်း၊ ကလေးစာဖတ်ခန်းတွင် အဖွဲ့များခွဲ၍ ပုံပြင်ပြော​ခြင်း၊ အသိပညာ ဗဟုသုတရရှိစေမည့် နံရံကပ်စာစောင်များ ပြသထားရှိသည်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) အဆောက်အအုံတွင် ပြည်သူ့စာကြည့်တိုက်၊ ကွန်ပျူတာသင်တန်းခန်းမ၊ အစည်းအဝေးခန်းမ၊ အနုပညာခန်းမ၊ ပြတိုက်ငယ်၊ ကလေးစာဖတ်ခန်း၊ အားကစားခန်းမနှင့် ဘက်စုံသုံးခန်းမများပါဝင်ပြီး ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ အခမဲ့အသုံးပြုနိုင်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)