တနိုင်းမြို့နယ်တွင် Grade-9 နှစ်ဆုံး စာမေးပွဲ နောက်ဆုံးနေ့ အေးချမ်းစွာဖြေဆိုပြီးစီး

တနိုင်း ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံး စာမေးပွဲသိပ္ပံဘာသာရပ်ကို ယမန်နေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာနအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ နှစ်ဆုံးစာမေးပွဲဖြေဆိုရာတွင် စာစစ်ဌာန (၂၉) ခုရှိပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၀၅) ဦးရှိသည့်အနက် စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၁၄၇၄)ဦးနှင့် စုစုပေါင်းပျက်ကွက်သူ (၃၁) ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)