ချီဖွေ ဖေဖော်ဝါရီ ၂၉
ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ချီဖွေမြို့ပေါ်ရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ဒေသခံပြည်သူများအား “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများထိ နယ်မြေအရောက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကရစ်လော်ရပ်ကွက် (IDPs) စခန်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ချီဖွေခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်းက သိသင့်သိထိုက်သည့် အချက်အလက်များနှင့် ဌာနမှ Biometric လုပ်ငန်းဆောင်ရွက်နေမှုများကို လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဥက္ကဋ္ဌ ဦးချစ်စမ်းအောင်က နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်သူများ၏ အခွင့်အရေးများကိုလည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထွန်းဦး က ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအကြို လုပ်ငန်းများဆောင်ရွက်နေမှုနှင့် နိုင်သားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
ထို့နောက် ချီဖွေခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများ က (IDPs) စခန်းရှိ ပြည်သူ (၆၈) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးပြီး ပြည်သူများလက်ဝယ်ရောက် ပေးအပ်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)