အောင်လံမြို့၌ လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးပြီးသစ်ပင်များအား ပေါင်းရှင်းမြေဩဇာ ကျွေးပွဲကျင်းပ

အောင်လံ ဩဂုတ် ၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ လူထုလုပ်ရှားမှုအသွင်ဖြင့် ပေါင်းရှင်းမြေဩဇာကျွေးပွဲကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ ရွှေတင့်ဝမ်း (မွေးမြူရေး ဇုန်) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါင်းရှင်းမြေဩဇာကျွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းညွန့်တင်နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်၍ မွေးမြူရေးဇုန်အတွင်း စိုက်ပျိုးထားရှိသည့် ကျွန်း၊ ယင်းမာ၊ တမာပင်၊ ပိတောက်စသည့် ပျိုးပင် (၄၃၂) ပင်ကို ဆက်လက်ရှင်သန်ကြီးထွားစေရန်ရည်ရွယ်၍ သေဆုံးပြီးအပင်များ နေရာတွင် အပင်အသစ်များ အစားထိုးစိုက်ပျိုးခြင်း၊ ပေါင်းရှင်းခြင်း၊ မြေဩဇာထည့်ခြင်း လုပ်ငန်းများကို တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)