ကန့်ဘလူ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နံနက် ၉ နာရီက ကန့်ဘလူမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ဥပဒေအရာရှိ ဦးထက်ဝေလင်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သင်၍ ရှင်းလင်းပြောကြားရာတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ အသိပေးထုတ်ပြန်ချက်များ၊ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၏ပြစ်မှူပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်း အရာများကို ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးနိုင်ဝင်းက စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်နှင့် အခွင့်အရေးများ၊ စစ်မှုထမ်းအသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သင်၍ သတင်းတု၊ သတင်းအမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန် ရှင်းလင်းဆွေးနွေးခြင်းနှင့် မှော်တော်ကျေးရွာ သာသနာ့အလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးဝါသဝ (၅၅၀ ဆရာတော်)က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ဖြည့်စွက်မိန့်ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အခမ်းအနား တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ နယ်မြေခံတင့်ကားတပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ ၅၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)