သရက်မြို့၌ အောင်စီဂျင်စက်ရုံ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနသို့ မီးသတ်ဆေးဘူးလှူဒါန်း

သရက် ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အောင်စီဂျင်စက်ရုံ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကျောက်ကပ်သွေးသန့်စင်ဌာနသို့ မီးသတ်ဆေးဘူးလှူဒါန်းခြင်းကို ယနေ့နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

အောင်စီဂျင်စက်ရုံ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး ဦးမောင်မောင်ထွေးနှင့် တပ်ဖွဲ့ဝင်များက လျှပ်စစ်ဝါယာကြိုးသွယ်တန်းမှုကောင်း/မကောင်း စစ်ဆေးခြင်း၊ အပူချိန်မြင့်သောအချိန်တွင် အောင်စီဂျင်စက်အား အနားပေး၍ အသုံးပြုရန် မှာကြားပေးခဲ့သည်။

ဆက်လက်၍ ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် ခရိုင်မီးသတ်ဦးစီးဌာနမှ လှူဒါန်းသည့် 3(Kg) Dry Chemical Powder မီးသတ်ဆေးဘူး(၂)ဘူးအား ခရိုင်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လှူဒါန်းရာ ခရိုင်ဆရာဝန်ကြီး ဒေါက်တာညွန့်ရွှေအောင်မှ လက်ခံပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)